Home » , » Apple iOS ရဲ့ သမိုင်းကြောင်း

Apple iOS ရဲ့ သမိုင်းကြောင်း

Posted by Rom Flash Media on Friday, January 11, 2013

Smartphone သုံးသူ ၁၀၀ မှာ ၁၀၀ လုံးမဟုတ်တောင် ၉၉ ယောက်ဟာ Apple ရဲ့ iPhone ကို သိကြပါတယ်။ iPhone ဆိုတာ ယနေ့ ခေတ်စားနေတဲ့ Mulit Touch Smartphone တွေရဲ့ ရှေ့ဆောင် လမ်းပြဆိုလည်း မမှားပါဘူး။
Apple ရဲ့ iDevice တွေဖြစ်တဲ့ iPhone, iPad နဲ့ iPod တွေကိုမှပဲ ကြိုက်နှစ်သက်ကြသူများရှိသလို၊ Apple ရဲ့ iDevice တွေကို မကြိုက်သူတွေလဲ အများကြီး ရှိကြပါတယ်။
Apple ရဲ့ တင်းကျပ်လွန်းတဲ့ Policy နဲ့ Close Architecture တို့ဟာ Apple ရဲ့ iDevice ကို မကြိုက်ကြသူတွေရဲ့ အဓိက အချက်တွေ လို့ ယေဘူယျ သုံးသပ်နိုင်ပါတယ်။
(ကျနော့်ရဲ့ ပုဂ္ဂလိက အမြင်နဲ့ အနီးစပ်ဆုံး ဥပမာပေးရရင် ဒူးရင်းသီးလိုပါပဲ။ ကြိုက်သူတွေက အနံ့ မွှေးတယ်လို့ ခံယူသလို၊ မကြိုက်သူကတော့ အရသာတော့ ရှိချင်ရှိမယ် ဒါပေမဲ့ နံတယ်လို့ ပြောပြီး ဝေးဝေးရှောင် ကြပါတယ်။)
ဘယ်လိုပဲဖြစ်ဖြစ်၊ iPhone ဆိုတာ လက်ရှိ Smartphone Market မှာ ထိပ်က ရပ်တည်နေတယ် ဆိုတဲ့ အချက်ကတော့ ဘယ်လိုမှ မငြင်းနိုင်ပါဘူး။
ဒီ iPhone ဆိုတာကို ယနေ့ နည်းပညာလောက ရဲ့ ထိပ်တန်း ကုမ္ပဏီကြီးဖြစ်တဲ့ Apple Inc. ရဲ့ ဖခင်ကြီး၊ ကွယ်လွန်သူ Steve Job (1955 – 2011) ကနေ 2007 ခုနှစ် January လ 9 ရက်နေ့ မှာ စတင်မိတ်ဆက်ပေးခဲ့ပြီး အဲဒီနှစ် June လ 29 ရက်နေ့ US မှာ စတင် ရောင်းချခဲ့ ပါတယ်။
iPhone စတင်ရောင်းချတဲ့ နေ့မှာပဲ လူရာပေါင်းများစွာဟာ တန်းစီစောင့်ဆိုင်းပြီး ဝယ်ယူခဲ့ကြတာပါ။ ဒီအစဉ်အလာဟာ အခုချိန်ထိ ရှိနေဆဲဖြစ်ပြီး Apple ရဲ့ အောင်မြင်မှုဟာ တော်တော်နဲ့ ကျရှုံးမှုရှိမှာ မဟုတ်ဘူးဆိုတာ သက်သပြေနေတဲ့ အချက်တစ်ခုပါပဲ။
iOS ဆိုတာကတော့ Apple ရဲ့ iDevice တွဖြေစ်တဲ့ iPhone, iPad, iPod Touch တွေမှာ ပါဝင်တဲ့ Operating System ဖြစ်ပြီး ပထမပိုင်းမှာတော့ iPhone OS လို့ လူသိများခဲ့တာပါ။ နောက်ပိုင်း iPhone OS ကို iPhone နဲ့ iPod Touch တွင်သာမကဘဲ iPad နဲ့ Apple TV တို့မှာပါ အသုံးပြုလာတာကြောင့် iOS ဆိုပြီး ခေါ်ဝေါ် သုံးစွဲခဲ့ပါတယ်။
iOS ဟာ Apple ရဲ့ Mac OS X ကနေ ဆင်းသက်လာတာဖြစ်ပြီး Unix Operation System မှာ အခြေခံတည်ဆောက်ထားတာပါ။
iOS ရဲ့ ထူးခြားချက်ကတော့ Android နဲ့ Windows Phone OS တို့လို တစ်ခြား Hardware တွေမှာ ပေးမသုံးပဲ Apple ရဲ့ ကိုယ်ပိုင် Hardware တွေမှာပဲ အသုံးပြုတာပါ။
iOS ရဲ့ အဓိက အားသာချက်ကတော့ တစ်ခြား Mobile Operating System ထက် Application အရေအတွက် များစွာသာလွန်တာပဲ ဖြစ်ပါတယ်။ iOS မှာ အသုံးပြုတဲ့ Application တွေကို Apple ရဲ့ App Store ကနေ အဓိက ဖြန့်ချီပြီး 2012 ခုနှစ် June လ 12 ရက်နေ့ စာရင်းအရ App Store မှာ iOS Application ပေါင်း ၆၅၀,ဝဝဝ (ခြောက်သိန်းငါးသောင်း) ကျော် ရှိပါတယ်။
BlackBerry ရဲ့ App World မှာ (May 2012 စာရင်းအရ) ၁၀၀,ဝဝဝ (တစ်သိန်း) နီးပါး၊
Windows Phone ရဲ့ Marketplace မှာတော့ (June 2012 စာရင်းအရ) ၁၀၀,ဝဝဝ (တစ်သိန်း) စွန်းစွန်း နဲ့
Android ရဲ့ PlayStore မှာတော့ (May 2012 စာရင်းအရ) ၅၀၀,ဝဝဝ (ငါးသိန်း) ကျော် တို့ ဖြစ်ကြပါတယ်။
အချက်အလက်များကို
http://en.wikipedia.org/wiki/IPhone
http://en.wikipedia.org/wiki/IOS_(Apple)
http://en.wikipedia.org/wiki/IOS_version_history
http://en.wikipedia.org/wiki/Smartphone
တို့မှ ရယူ စုဆောင်းတင်ပြပါတယ်။
Re Sharing From  http://www.myanmarplay.com


0 comments:

Post a Comment

Popular Posts

Blog Archive

.comment-content a {display: none;}