Home » , » ကိုယ်တိုင် Live Wallpaper Apk ဖန်တီးကြရအောင်…

ကိုယ်တိုင် Live Wallpaper Apk ဖန်တီးကြရအောင်…

Posted by Rom Flash Media on Friday, January 11, 2013

  • အခုတခါ apk ဖန်တီးခြင်းကတော့ အပျော်သဘောပဲဖြစ်ဖြစ်၊ လေ့လာလိုရင်ပဲဖြစ်ဖြစ် ကိုယ်တိုင် Live Wallpaper Apk ဖန်တီးလိုသူများအတွက် နည်းလမ်းတစ်မျိုးကို တင်ပြပေးလိုက်ပါတယ်။ ဒီနည်းစနစ်ကို သုံးပြီး နိုင်ငံတကာ အလံများ လုပ်ရှားနေသော Gif ပုံများနဲ့ အချို့သော Video file များကို Live Wallpaper အနေဖြင့် ဖန်တီးလို့ရပါတယ်။ ဒါကတော့ ကရင်အမျိုးသားအလံ Live Wallpaper ဖြစ်ပါတယ်။
  • အခု ဒီနည်းစနစ်အတွက် လိုအပ်ချက်ကတော့ မိမိအသုံးပြုမည့် Computer မှာ Java Runtime Environment (JRE) လိုအပ်မှာ ဖြစ်ပါတယ်။ မိမိစက်မှာ Install လုပ်ဆောင်ထားခြင်းမရှိသေးရင် ဒီလင့် မှာ ဒေါင်းယူလိုက်ပါ။ ဒေါင်းယူပြီးပါက Rar ဖိုင်ကိုဖြည်ပြီး Computer မှာ Install လုပ်ဆောင်လိုက်ပါ။
  • နောက်တစ်ခုကတော့ Live Wallpaper Apk ဖန်တီးဖို့အတွက် လိုအပ်တဲ့ Application ကိုတော့ ဒီလင့် မှာ ဒေါင်းယူလိုက်ပါ။ ပြီးရင် Install လုပ်ဆောင်ပေးလိုက်ပါ။ တစ်ခုသတိပြုချင်တာက ဒီ Application ကို Install လုပ်မယ်ဆိုရင် Computer မှာ Install လုပ်ထားသော Anti-virus ကို Disable လုပ်ဆောင်ပေးထားပါ။
  • လိုအပ်ချက်များ ပြည်စုံသွားပြီဆိုရင်တော့ အခု ကျနော်တို့ စတင်ဖန်တီးလို့ရပါပြီ။
  • အဲလို ဖန်တီးဖို့အတွက် ကျနော်အနေဖြင့် နမူနာ ပြပေးသွားမှာက GIF image ကိုသုံးပြီး ပြပေးသွားပါမယ်။ GIF Image ကိုတော့ ကိုယ်တိုင်ဖန်တီးပြီး လုပ်ယူရင်လည်း ရနိုင်သလို Googling လုပ်ပြီး ရှာရင်လည်း အဆင်ပြေပါတယ်။ အောက်ပါပုံကတော့ ကျနော် နမူနာ လုပ်ပြမယ့် Dancing Android ဆိုတဲ့ Gif ပုံဖြစ်ပါတယ်။ ဒေါင်းပြီး စမ်းသပ်နိုင်ပါတယ်။ ပုံပေါ်မှာ Right Click > Save Image As ဆိုပြီး ဒေါင်းလိုက်ပါ။

  • အားလုံးအဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ အခု ကျနော်တို့ စတင်ဖန်တီးကြရအောင်။
  • LWPCreatorLite ဆိုတဲ့ application ကို run လိုက်ပါက အောက်ပါအတိုင်း တွေ့ရပါမယ်။

  • အထက်ပါပုံမှာ ပြထားသည့် နံပါတ်များကို လေ့လာကြည့်လိုက်ပါ။
  1. App Icon ပါ။ ဖုန်းပေါ်မှာ Installation လုပ်ပြီးရင် တွေ့ရမယ့် Icon ဖြစ်ပါတယ်။ မိမိဖန်တီးမယ့် app အလိုက် ကြိုတင်လုပ်ဆောင်ထားပါ။
  2. မိမိဖန်တီးမယ့် App က ရိုးရိုး image ကနေသော်လည်းကောင်း၊ Video file တစ်ခုခုကသော်လည်းကောင်း၊ Gif image ကနေသော်လည်း လုပ်ဆောင်နိုင်ပါတယ်။ ကျနော်ကတော့ ဒီမှာ Gif Image ကိုသုံးလိုက်ပါတယ်။
  3. မိမိ Computer ပေါ်မှာ ကြိုတင်လုပ်ဆောင်သိမ်းဆည်းထားသော Live Wallpaper မည့် File ကို ထည့်သွင်းပေးရန် ဖြစ်ပါတယ်။
  4. ဒီအဆင့်ကတော့ Auto ပဲ ပေါ်လာမှာပါ။ ဘာမှ ထည့်ပေးစရာ မလိုပါ။
  5. Phone မှာ တွေ့မြင်ရမယ့် Live Wallpaper ရဲ့ အမည်ကို သတ်မှတ်ပေးလိုက်ပါ။
  6. အခု ဖန်တီးလိုက်သော Wallpaper နဲ့ပတ်သက်ပြီး Description ဖြစ်ပါတယ်။ တစ်ခုခုရေးထည့်ပေးလိုက်ပါ။
  7. package name ကိုသတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီမှာ ကျနော်ရေးလိုက်တာက Letter တွေက အကြီးစာလုံးတွေ ဖြစ်နေပါတယ်။ အသေးတွေပြောင်းမှ အဆင်ပြေမှာပါ။ ဥပမာ- ဒီမှာ ကျနော်ရေးထားတာက Dancing Android ဖြစ်နေပါတယ်။ အဲဒါကို dancingandroid လို့ပြောင်းပြီး အသေးစာလုံးတွေနဲ့ရေးပေးရမှာပါ။
  8. အထက်ပါအတိုင်း အဆင်သင့် ဖြစ်ပြီဆိုရင်တော့ Create Live Wallpaper ဆိုတဲ့ Tab ကိုနှိပ်လိုက်ပါက အောက်ပါပုံအတိုင်း လုပ်ဆောင်နေသည်ကို တွေ့ရပါမယ်။

  • လုပ်ငန်းစဉ် ပြီးဆုံးသည်အထိစောင့်လိုက်ပါ။ အားလုံးပြီးသွားရင်တော့ အောက်ပါပုံအတိုင်းတွေ့ရပါမယ်။

  • ဒါဆိုရင်တော့ OK ကိုသာ နှိပ်လိုက်ပါ။ ပြီးရင် Open Output Folder ဆိုတဲ့ Tab  ကို နှိပ်ပြီး မိမိ ဖန်တီးလိုက်သော၊ မိမိပေးခဲ့သော Package Name အတိုင်း apk ကို ရှာကြည့်လိုက်ပါ။ signed.apk နဲ့ unsigned.apk ဆိုပြီး တွေ့ရပါမယ်။ signed.apk ကိုသုံးရမှာ ဖြစ်ပါတယ်။
  • ကျနော်ဖန်တီးပေးလိုက်သော Dancing Android ဆိုတဲ့ apk ကို နမူနာ ကြည့်ချင်တယ် ဆိုရင်တော့ ဒီလင့် မှာ ဒေါင်းလိုက်ပါ။ ဒီပို့စ်ကို PDF အနေဖြင့် ရယူလိုပါက ဒီလင့်မှာ ဒေါင်းယူနိုင်ပါတယ်။
Re Sharing From http://www.myanmarplay.com


0 comments:

Post a Comment

Popular Posts

Blog Archive

.comment-content a {display: none;}