Home » » Windows 8 မှာ Start Menu လေး မရ ရအောင် ထည့်ကြမယ်

Windows 8 မှာ Start Menu လေး မရ ရအောင် ထည့်ကြမယ်

Posted by Rom Flash Media on Thursday, January 10, 2013

ဒီပို့စ်မှာ ကျွန်တော်မျှဝေပေးမှာကတော့ Windows 8 အသုံးပြုသူတွေအတွက် Start Buttom နဲ့ Start Menu လေး ထည့်သွင်းနိုင်မယ့်
နည်းလမ်းပါ ..
နည်းလမ်းဆိုတာထက် ဆော့ဝဲလေး တစ်မျိုးလို့ ပြောရင် ပိုပြီးမှန်ပါလိမ့်မယ် ..
ကျွန်တော်တို့ဟာ Windows 8 ကို အသုံးပြုနေကြပေမယ့် စိတ်အနှောက်အယှက်ဖြစ်စရာ တစ်ချို့တော့ ရှိနေပါတယ် ..
အဲဒါတွေထဲမှာမှ အရင်က Windows Xp/ Windows Vista/ Windows 7 စတဲ့ ၀င်းဒိုးတွေကို အသုံးပြုရတာနဲ့
ကွာခြားချက်လေးတွေ တော်တော်များများရှိနေတဲ့ အတွက် အသုံးပြုရတာ နည်းနည်း ကြောင်တောင်တောင် ဖြစ်ကြရပါတယ် ..

ဒါပေမယ့် ဒါဟာလည်း ခဏပါ .. နောက်ဆိုရင် ပြည့်စုံကောင်းမွန်တဲ့ Windows တစ်ခုအဖြစ် အသုံးပြုလာနိုင်မှာ အသေအချာပါပဲ
ကဲ .. ဒီတော့ လောလောဆည် Windows 8 အသုံးပြုနေသူတွေထဲက Start Buttom နဲ့ Start Menu မပါလို့ စိတ်အနှောက်အယှက် ဖြစ်နေကြတဲ့
သူငယ်ချင်းတွေအတွက် ဆော့ဝဲလေး တစ်ခု တင်ပေးလိုက်ပါတယ် .. စမ်းသုံးချင်တဲ့ သူငယ်ချင်းများ   ဒီမှာ ဒေါင်းယူလိုက်ပါ

ဒေါင်းလို့ရလာတဲ့ exe ဖိုင်လေးကို သာမာန်ဆော့ဝဲတွေကို Install လုပ်သလိုပဲ လုပ်ပေးလိုက်ပါ ..


Install လုပ်ပြီးတဲ့အခါ Desktop ရဲ့ ဘယ်ဖက်အောက်ဒေါင့်မှာ Start Button လေး ပေါ်လာပါမယ် ..
အဲဒါလေးကို နှိပ်လိုက်တဲ့အခါ အောက်ကလို Box လေးတက်လာတတ်ပါတယ် .. (တက်ချင်မှလည်း တက်တယ် .. )


အဲဒီထဲက ကိုယ်ကြိုက်တဲ့ Start Menu ပုံစံကိုရွေးပေးလိုက်ရင် နောက်ထပ် Box တစ်ခုတက်လာတာကို Ok ဒါမှမဟုတ် Yes နှိပ်ပေးလိုက်ပါ .. ကျန်နေတဲ့ Box ကိုတော့ Ok နှိပ်ပေးလိုက်ပါ ..
ပြီးရင် ၀င်းဒိုးကို Restart ချပေးလိုက်ပါ .. (Restart မချလည်း ရပေမယ့် Restart ချပေးတော့ ပိုကောင်းတာပေါ့)
ဝင်းဒိုးပြန်တက်လာတဲ့ အခါမှာတော့ သူငယ်ချင်းတို့ လိုချင်တဲ့ Start Menu လေးကို အောက်မှာ ပြထားတဲ့အတိုင်း မြင်တွေနိုင်မှာဖြစ်ပါတယ် ..



အသုံးပြုနေရင်း မလိုချင်တော့ရင်လည်း အလွယ်တကူပဲ Uninstall လုပ်ပေးလိုက်ရုံပါပဲ ..
ကဲ .. သူငယ်ချင်းများ အဆင်ပြေနိုင်ကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
Re Sharing From http://itmotesoeway.blogspot.com


0 comments:

Post a Comment

Popular Posts

Blog Archive

.comment-content a {display: none;}